ဇနီးနှင့် မသင်္ကာသူ ၃ ဦးအား ခင်ပွန်းဖြစ်သူမှ ဓါး/ပုဆိန်တို့ဖြင့်ခုတ်သတ်

ပို့စ်တင်ချိန် - 5/27/2014 08:31:00 AM


နေပြည်တော်၊ မေ ၂၆

၂၀၁၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ည ၁၀ နာရီအချိန် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ မဒမ် ကျေးရွာအနီး တောထဲတွင် လူ(၃)ဦးပုဆိန်ဖြင့်ခုတ်သတ်ခံရ၍သေဆုံးသွားကြောင်း ဆွောင်းပတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇမ်ခိုဆေးမှ အကြောင်းကြားသဖြင့် တွန်းဇံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ တောထဲတွင်တောင်ယာလုပ်သူများ ဖြစ်သည့် တွန်းဇံမြို့နယ်၊ မဒမ်ကျေးရွာနေ ဟာခိုပေါင်(၄၄)နှစ်၊ ခမ်းပတ်မြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးလွန်းကျင်ထန်(၆၁)နှစ်၊ ဆွောင်းပတ်ကျေးရွာနေ ဦးသွခိုလွန်း(ခ)ဆိုခိုလွန်း(၄၁)နှစ်တို့(၃)ဦး ပျောက်ဆုံး နေကြောင်း ဦးဇမ်ခိုဆေးအား လာရောက်အကြောင်းကြားသဖြင့် ရွာသားများနှင့်အတူ ကျေးရွာအနီးရှိ တောအတွင်း ဝိုင်းဝန်းရှာဖွေရာ ၎င်းတို့(၃)ဦးအား တောထဲတွင် ဒဏ်ရာများအသီးသီး ရရှိသေဆုံး နေသည်ကိုတွေ့ရှိရကြောင်း သိရှိရသည်။ စစ်ဆေးချက်အရ မဒမ်ကျေးရွာနေ သောင်ခိုဇမ်း (၃၃)နှစ်မှ သေဆုံးသူ(၃)ဦးအား ၎င်း၏ဇနီးနှင့်မသင်္ကာ၍ ၂၃-၅-၂၀၁၄ ရက်နေ့တွင် တောထဲ၌ ဓါးမ/ပုဆိန်တို့ဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သောင်ခိုဇမ်းအား တွန်းဇံမြို့မရဲစခန်း (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar