သမီးရည်းစား ချိန်းတွေ့နေစဉ် ဓားထောက်လုယက်

ပို့စ်တင်ချိန် - 5/27/2014 08:11:00 AM


၂၄-၅-၂၀၁၄ ရက်နေ့ ည(၈း၃၀)နာရီတွင် ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ စိန်သာလျောင်းဘုရား လမ်းမှ မြွေဘုရားသို့သွားသည့်လမ်းထိပ်တွင် မောင်ရဲထွေး (၂၁)နှစ် (ဘ)ဦးအောင်ငြိမ်း၊ မွန်စံပြ(၅) လမ်း၊ ဟင်္သာကုန်းရပ်ကွက်နေသူသည် ၄င်း၏ရည်းစားဖြစ်သူ မxxxxx၊ ရွှေဖယုံမယ်(၈)လမ်း၊ ဟင်္သာကုန်းရပ်ကွက်နှင့်အတူ စကားထိုင်ပြောနေစဉ် အရိုးအသွား(၈)လက်မခန့်ရှိ ဓါးမြှောင် တစ်လက်စီကိုင်ဆောင်ထားသော လူငယ်နှစ်ဦးရောက်ရှိလာပြီး မောင်ရဲထွေးထံဝင်ရောက်ကာ တစ်ဦး မှ လည်ပင်းနှင့် တစ်ဦးမှ ဗိုက်အားဓါးဖြင့်ထောက်ကာ ဟန်းဆက်(၂)လုံး၊ ရွှေလက်စွပ်(၁)ကွင်း၊ ရွှေ လက်ကောက်(၂)ကွင်း၊ ရွှေဆွဲကြိုးအပြား (၁)ကုံး၊ နားဆွဲတစ်ရံ၊ ငွေ(၄)သောင်းကျပ်ခန်းအပါအ၀င် စုစုပေါင်းတန်ဘိုး (၂၃၁၀၀၀၀ိ/-)ခန့်အား လုယူသွားသဖြင့် လုယူသွားသူလူငယ်(၂)ဦး(စုံစမ်းဆဲ)အား ပဲခူးမြို့မရဲစခန်း (ပ)၃၂၆/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၈၂ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Thant Zin
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ