မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန်

ပို့စ်တင်ချိန် - 5/27/2014 01:02:00 PM


ကွာလာလမ်ပူ- ပျောက်ဆုံးသွားသော မလေးရှား လေယာဉ် MH370 နှင့် ဂြိုဟ်တုများအကြား ဆက်သွယ်ခဲ့မှုအချက်အလက်များကို ယနေ့ထုတ်ပြန်လိုက်သည်။

ပျောက်ဆုံးသွားသော မလေးရှားလေယာဉ် ခရီးစဉ်မှာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု အပြီးသတ်ဆုံးဖြတ်မှုတွင် အသုံးပြုခဲ့သော မူရင်းဂြိုဟ်တုအချက်အလက် ၄၇ မျက်နှာကို မလေးရှားအစိုးရu ထုတ်ပြန်ခြင်းဖြစ်သည်။

ဂြိုဟ်တုအချက်အလက်များတွင် ဗြိတိန်ဂြိုလ်တုကွန်ရက် အင်မာဆက်နှင့် မလေးရှားလေယာဉ်ကြား ဆက်သွယ်ခဲ့သော အီလက်ထရွန်နစ် အချက်ပြပုံများပါဝင်သည်။

ယင်းကို ခွဲခြမ်းစိတ်ဖြာလေ့လာ၍ လေယာဉ်ပြန်လည်ရှာဖွေ တွေ့ရှိရေးအတွက် အသုံးချခဲ့သည်။

—Ref: USA Today
7day daily