ဝမ်ပေါင်ကုမ္ပဏီက မြန်မာဝန်ထမ်းများအပေါ် ခွဲခြားဆက်ဆံမှုများကြောင့် လုပ်ငန်းခွင်နစ်နာမှုများမှာ ပြေလည်ခြင်းမရှိသေးဟုဆို

ပို့စ်တင်ချိန် - 5/27/2014 08:05:00 AM


မုံရွာ၊ မေ ၂၄- မြန်မာဝမ်ပေါင်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို ခွဲခြားဆက်ဆံမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ဒေသခံများ၏ လုပ်ငန်းခွင် နစ်နာဆုံးရှုံးမှု များမှာ ပြေလည်ခြင်းမရှိသေးကြောင်း ဒေ သခံများက ပြောကြားလိုက်သည်။

''ကျွန်တော်တို့ဒေသက လယ် ဧက ၇ဝဝဝ ကျော် သိမ်းဆည်းခံလိုက်ရ တယ်။ ဘယ်လောက်တောင် များသွားမလဲ စဉ်းစားကြည့်။ ဒေသခံ ဘွဲ့ရလူငယ်တွေ ဆုံးရှုံးသွားတဲ့အလုပ်တွေအတွက် အစား ပေးပါလို့ တောင်းဆိုခဲ့တယ်။ အခုလက်ရှိ ဝန်ထမ်း ၂၃၄ ယောက် အော်ပရေတာရာ ထူးအတွက်ခေါ်ပြီး မတရားသဖြင့် လုပ်လို့ ကျွန်တော်တို့မခံနိုင်ဘူး။ ခင်ဗျားတို့က ပြ ဿနာတစ်ခုကို ဒေသခံတွေနဲ့တိုက်ရိုက်တွေ့ ဆုံဖြေရှင်းခြင်းလဲ မလုပ်ဘဲနဲ့ ပြန်သွားကြ တာ။

ပြဿနာတစ်ခုကို မဖြေရှင်းဘဲနဲ့ရှေ့ ဆက်သွားနေတယ်။ မထိတွေ့ဘူး။ တကယ် ထိတွေ့ရမယ့်ကိစ္စတွေမှာ မထိတွေ့ဘူး''ဟု ကြေးနီတောင်စီမံကိန်းဒေသရှိ ပလောင် ကျေးရွာသားတစ်ဦးဖြစ်သူ ဦးညိုက မြန်မာ ဝမ်ပေါင်ကုမ္ပဏီနှင့် မေ ၂၃ ရက်က တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ် သည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ကျေးရွာပေါင်း ၃၃ ရွာ ဖယ်ရှားခံခဲ့ရပြီး ဒေသခံဘွဲ့ရများအတွက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံဝန်ထမ်း ၂၃၄ ယောက်အား တစ်လလျှင်ထောက်ပံ့ ကြေးတစ်သိန်းသာပေးပြီး အမြဲတမ်းဝန်ထမ်း အဖြစ် မခန့်အပ်သည့်အတွက် ဒေသခံဝန် ထမ်းများဘက်မှ ဆန္ဒထုတ်ဖော်မှု (၇)ကြိမ် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိသေး ကြောင်း ဒေသခံများကဆိုသည်။

ယင်းကဲ့သို့ အလုပ်သမားလစာ ကိစ္စနှင့်ပတ်သက်ပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီ ဘက်က ဖြေရှင်းရာတွင် လက်ပံတောင်း တောင် ကြေးနီသတ္တုတွင်းဧရိယာအတွင်း ရှိ ကျေးရွာပေါင်း ၃၃ ရွာမှ တက္ကသိုလ်ဘွဲ့ ရများကို ဦးစားပေးကာ ဒုတိယအကြိမ်အ ဖြစ် အော်ပရေတာရာထူးကို ဒေသခံဘွဲ့ရ များအား ခေါ်ယူခဲ့ကြောင်း၊ သင်တန်းငါးလ ပေးပြီး လုပ်ငန်းခွင်အတွင်း ဝင်ရောက်လိုပါ က ကုမ္ပဏီနှင့်စာချုပ် ချုပ်ဆိုခြင်းမပြုဘဲ ထောက်ပံ့ကြေး တစ်လတစ်သိန်းဖြင့် မိုင်း လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ပြုပြီး သင်တန်းကာလ နှစ်နှစ်ပြည့်ရန် ၁၉ လကြာ သင်တန်း ထပ်မံတက်ပြီးမှသာ လစာငွေ ကန်ဒေါ်လာ ၁၈ဝ သာပေးမည်ဖြစ်ကြောင်း မြန်မာဝမ် ပေါင်ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာဂန်းရီက ရှင်းလင်းခဲ့သည်။

ယင်းက ''သူတို့တွေကို စာချုပ် မပေးပဲ ထောက်ပံ့ကြေးတစ်လတစ်သိန်းနဲ့ ခန့်တာ ကုမ္ပဏီရဲ့စည်းမျဉ်းပဲ။ ဒီလိုသင်တန်း တွေတက်ပြီး အဆင့်ဆင့်လုပ်ရတာပါ။ သူ တို့က ဒီကအလုပ်ကို မကျေနပ်ရင်ပြောင်း ပေါ့။ မလုပ်နဲ့ပေါ့။ အခုဖြစ်နေတာက ဝန်ထမ်း ၂၄ဝ ဘာလို့ အကြိမ်ကြိမ် ဆန္ဒပြ နေတာလဲ မသိဘူး။ ကုမ္ပဏီစည်းမျဉ်းအရ သူတို့ကို မတ်လထဲက ကုမ္ပဏီကထုတ်ပယ် လိုက်ပါတယ်''ဟု မေ ၂၃ ရက်က သတင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာဝမ်ပေါင်မိုင်းနင်း ကော် ပိုရေးရှင်းတွင် လစာငွေ တစ်သိန်းဖြင့် အော်ပရေအဖြစ် လုပ်ကိုင်ခဲ့သော ပလောင် ဒေသခံ ကိုရဲရင့်အောင်က ''သူတို့တွေဆီ မှာစလုပ်တော့ လစာငွေတစ်သိန်းဖြစ်တဲ့ ဒေါ်လာ ၁၂ဝ ဆိုနည်းတယ်။ နောက်နှစ် နှစ်လုပ်ပြီးရင်တောင် ဒေါ်လာ ၁၈ဝပဲ ရမှာ ဖြစ်တယ်။ လုပ်ငန်းခွင်မှာ မြန်မာလုပ်သား တွေက ဝရိန်တွေ၊ အက်ဆစ်တွေ၊ ကြေးနီ မှုန့်တွေကြားထဲမှာလုပ်ရတာ။ မျက်မှန်တွေ ကာဗာအဝတ်တွေ တပ်ထားပေမယ့် အက် ဆစ်ဒဏ်ကို မခံနိုင်ကြဘူး။ ဖိနပ်တွေဆိုစ လစ်ဖြစ်လာတယ်။ အသက်အန္တရာယ်စိုးရိမ်စရာတွေဖြစ်လာပါတယ်။ ဒါကြောင့်လုပ် ရတာနဲ့မတန်ဘဲ လုပ်ခလစာကို ဒေါ်လာ ၂၄ဝ ပေးဖို့ တောင်းဆိုတာပါ''ဟု ပြောသည်။

Yangon Media Group