ဂရုမစိုက်နဲ့

ပို့စ်တင်ချိန် - 5/27/2014 01:05:00 PM



သင်ဟာ လမ်းမှန်ကို လျောက်နေတယ်လို့ ထင်ရင် လူတွေ ဘယ်လောက်ပဲ ဝေဖန်ပါစေ ဂရုမစိုက်နဲ့။ သူတို့ရဲ့ ပြောဆိုလှောင်ပြောင် သံတွေကြောင့် တန်ဖိုးရှိတဲ့ ခြေလှမ်းတွေကို မရပ်တန့် လိုက်ပါနဲ့။

အဲလို လှောင်ပြောင်သူတွေကို သင်ဟာ ဂရုစိုက်နေမယ် ဆိုရင် ဒါမှမဟုတ် အဖက်လုပ်ပြီး ပြန်လည် တုန့်ပြန် နေမယ်ဆိုရင် သင် ရည်မှန်းချက်တွေ ပျောက်ပျက် သွားပါလိမ့်မယ်။

လှောင်ပြောင်မှုတွေဟာ သင်ရဲ့ခြေလှမ်းတွေကို ရှေ့ကိုဆက်ပြီး မလှမ်းနိုင်အောင် ဆွဲငှင်ထားတဲ့ ကြိုးတွေပဲ။ အဲဒီကြိုးတွေကြား ထဲကနေ ခွန်အားစိုက်ပြီး ကြိုးစား လျှောက်လှမ်းမှ အောင်မြင်သော ဘဝကို သင်ပိုင်ဆိုင် နိုင်ပါလိမ့်မယ်။

ဒါကြောင့် ချိုသာသော အပြုံး မလျော့သော ဇွဲ ၊ လုံ့လ ၊ ဝီရိယ တို့နှင့်အတူ သင့်ရဲ့ မနက်ဖြန်တွေကို ဆေးရောင် လှလှခြယ်နိုင်ပါစေ။

ကျော်လင်းနိုင် (ရိုးရာလေး)