ကျောင်းဖွင့်ရာသီရောက်တော့မည်ဖြစ်သော်လည်း လေဘေးဒဏ်သင့် ပျက်စီးကျောင်းဆောင်းများ ပြန်လည်ပြုနိုင်ခြင်းမရှိသေး…

ပို့စ်တင်ချိန် - 5/27/2014 12:45:00 PM


သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလနောက်ဆုံးအပတ်မှ စတင်၍ မေလ ဒုတိယပတ်အထိ မကြာခဏ လေပြင်းများ တိုက်ခတ်လျက်ရှိရာ စာသင်ကျောင်းဆောင်များနှင့် လူနေအိမ်အဆောက်အဦးများ ပျက်စီး ဆုံးရှုံးခဲ့ရာ ကျောင်းဖွင့်ရာသီရောက်တော့မည်ဖြစ်သော်လည်း လေဘေးဒဏ်သင့် ပျက်စီးကျောင်း ဆောင် များ ပြန်လည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
“ တိုင်းအတွင်းမှာ လေဘေးဒဏ်ကြောင့် ပျက်စီးကျောင်းဆောင်တွေ အများအပြားရှိပါတယ်..။ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ ကျောင်းဖွင့်ရာသီ အချိန်မီအောင် အားလုံးကို ပြုပြင်ပြီးပါပြီ..’ ဟု စစ်ကိုင်းတိုင်းဒေသ ကြီးဒေသအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဒေါက်တာမြင့်သိန်းမှ ပြောပြသည်။
မေလ ၂ ရက်နေ့ ညနေ ၆ နာရီခွအြချိန်ခန့်က တိုက်ခတ်ခဲ့သော လေပြင်းဒဏ်ကြောင့် ပင်လယ်ဘူးမြို့နယ်၊ ကျောက်အင်ကုန်းကျေးရွာ အမက(မူလွန်)ကျောင်း ပင်မဆောင်အုပ်ညှပ် တစ်ထပ်ကျောင်းဆောင်ပြိုလဲခဲ့ရာ ယခုအချိန်ထိ ပြုပြင်ဆဲအခြေအနေသာဖြစ်ကြောင်း သိရသည်။
ထိုမျှမက ကန့်ဘလူ၊ ကျွန်းလှ၊ ဟုမ္မလင်း၊ မော်လိုက်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ ပုလဲ၊ ယင်းမာပင်မြို့နယ် များအတွင်းရှိ ကျေးရွာအချို့မှ စာသင်ကျောင်းဆောင်များသည် လေပြင်းတိုက်ခတ်မှုကြောင့် စာသင် ဆောင်များ ပျက်စီးခဲ့ရာ ကျောင်းဖွင့်ရာသီမီ ပြုပြင်လျက်ရှိသော်လည်း အများစုမှာ ပြင်ဆင်ဆဲကာလဖြစ် ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း