ဘိုလီးဗီယားတွင် အအေးလှိုင်းကြောင့် ကျွဲနွား ၆၀ ခန့် သေဆုံး

ပို့စ်တင်ချိန် - 5/27/2014 05:05:00 PM


အင်ဒီးစ်တောင်တန်းနိုင်ငံ ဖြစ်တဲ့ ဘိုလီးဗီးယားနိုင်ငံရဲ့ ဆန်တာခရုဇ်ဒေသက ကျွဲနွား မွေးမြူးရေးသမားတွေဟာ လတ်တလော အအေးလှိုင်းကြောင့် အနည်းဆုံး ကျွဲနွားကောင်ရေ ၆၀ လောက် သေဆုံးခဲ့ကြပါတယ်။

အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံက လာတဲ့ အအေးလှိုင်းက ဘိုလီးဗီးယားနိုင်ငံကို ဖြတ်သန်းခဲ့လို့ အပူချိန် သိသိသာသာ ထိုးဆင်းခဲ့တာ ဖြစ်ပါတယ်။

ကျွဲနွားပိုင်ရှင် လယ်သမားတယောက်ကတော့ မေ ၂၃ ရက်နေ့က စပြီး ထွန်ဖြုတ်ထားတဲ့ ကျွဲနွားတွေ သေနေခဲ့တာ သတိထားမိတယ်။ အပူချိန် ထိုးကျလို့ အအေးထဲမှာ လဲသေကုန်တာလို့ ပြောပါတယ်။

စည်ပင်သာယာအာဏာပိုင်တွေကတော့ အအေးဒဏ် သက်ရောက်တဲ့ဒေသအတွင်း နှင်းမုန်တိုင်းတွေနဲ့ လေပြင်းတွေကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်တာ၊ သစ်ပင်တွေ ပြိုလဲတာနဲ့ အိမ်တွေ ပျက်စီးတာ ဖြစ်ခဲ့တယ်လို့ အစီရင်ခံခဲ့ပါတယ်။

DVB Burmese