ဆရာဝန်များညွှန်ပြသည့် အိမ်တွင်းဆေးကုသနည်းများ

ပို့စ်တင်ချိန် - 5/27/2014 06:58:00 AM



သွားကိုက်သွားနာ ( Toothache )

- သင့်သွားကို လက်ဖြင့်အထိမခံနိုင်ဘူးဆိုရင် ဒါကသွားကိုက်ခြင်းပဲးးးးးး

- တကယ်လို့သွားတွေက အပူ ဒါမှမဟုတ် အအေးထိတာကို မခံနိုင်တာဆိုရင် ဒါကအသိထူးမှု ( Sensitivity ) နှင့်ဆိုင်တဲ့ပြဿနာဖြစ်တယ်းးးးးး

- အပူအအေးအထိမခံနိုင်ခြင်းမှာ သွား၏ကြွေလွှာအောက်ရှိ ဒန်တင်းအလွှာ ပေါ်လာ၍ဖြစ်သည်းးး ရံဖန်ရံခါ သွားချေးက ကြွေလွှာကိုစားသွားခြင်းကြောင့်လည်းဖြစ်နိုင်သည်းးးးး

- အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်ထံ မပြသနိုင်၍ဖြစ်စေးးး မပြသမီစပ်ကြား သက်သာမှုရရှိစေရန် အောက်ပါနည်းများထဲမှ တစ်ခုခုကို အသုံးပြုနိုင်ပါသည်းးးး

၁… ပါးစပ်အပြည့် ရေကိုငုံပြီး ခပ်ပြင်းပြင်း ပလုတ်ကျင်းပါးးး ပလုတ်ကျင်း၍မှအစာထွက်မသွားလျှင် သွားကြားထိုးပိုးချည်မျှင်ဖြင့် အသာအယာဆွဲပေးပါးးးး

၂… ဝီစကီတစ်မော့လောက်သောက်၍ နာနေကိုက်နေသည့် သွားအပေါ် ဝီစကီ ငုံထားပေးပါးးးး သွားဖုံးက ဝီစကီတစ်ချို့ ကိုစုပ်ယူမည်ဖြစ်သဖြင့် အနာကို ထုံသွားစေနိုင်ပါသည်းးးးး ကျန်သည့် ဝီစကီကိုထွေးထုတ်ပါးးး

၃… ထမင်းစားပြီးတိုင်း ညအိပ်ရာဝင်တိုင်း ဆားရည်ဖြင့် ပလုတ်ကျင်းပေးပါးးးး ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေ ( ၈ အောင်စ ) ထဲထည့်ပြီး မွှေပေးပါးးး ပါးစပ်တစ်ငုံစာကို ငုံထားပြီး ပလုတ်ကျင်းပြီးထွေးထုတ်ပစ်ပါးးးးး

၎… ဆေးဆိုင်မှ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် လေးညှင်းဆီ အစက်အနည်းငယ်ကို ကိုက်နေသည့်သွားပေါ်အစက်ချပါးးး သို့မဟုတ် ဂွမ်းဖြင့်တို့ပြီး သွားအပေါက်ထဲ ထိုးထည့်ထားနိုင်ပါသည်းးးးး

၅… သွားကိုထိခိုက်မိ၍သွားနာခြင့်ဖြစ်ပါက အစာစားသည့်အခါ နာသည့်သွားဘက်ကို မဝါးပါနှင့်းးးး

၆… ကိုက်နေသည့်သွားအပေါ် ရေခဲအုံပေးပါးးး သို့မဟုတ် ယင်းသွားနှင့်အနီးဆုံးပါးပြင်ပေါ် ရေခဲအုံပေးပါးးးး ၁၅ မိနစ်ခြား၍ အနည်းဆုံး တစ်နေ့ ၃ကြိမ်မှ ၄ ကြိမ် အထိ ရေခဲအုံပေးပါးးးးးး

၇… သွားချင်း ကြိတ်မိ ကိုက်မိ၍နာလျှင် ဆရာဝန်မပြသမီ ပါးစပ်ကို တတ်နိုင်သမျှ ဟထားပါးးး

၈… အကိုက်သက်သာစေရန် ၄ နာရီ သို့မဟုတ် ၆ နာရီ ခြားပြီးလိုအပ်သလို အက်စ်ပရင် တစ်ပြားစီသောက်ပါးးးးး

၉… ကူးစက်ရောဂါဆိုလျှင် အပူကပ်ပေးခြင်းကိုရှောင်ပါးးးး

၁၀… လက်ကိုနှိပ်ပေးခြင်းဖြင့် သွားကိုက်သွားနာခြင်းကို ၅၀./. ခန့် သက်သာစေနိုင်ပါသည်းးးးး အန်စာတုံးပုံ ရေခဲတုံးတစ်တုံးကို သင့်လက်မနှင့်လက်ညှိုးကြား ဗီ ( V ) ပုံသဏ္ဌာန် နေရာထဲထည့်ပြီး ပွတ်ပေးပါးးးး ရေခဲတုံးကို အသာအယာ ၅ မိနစ်မှ ၇ မိနစ်အထိ တွန်းပေးဖိပေးပြီး ပွတ်ပါးးးးးးး

Myint Myint Oo