အမျိုးသမီးတွေ မတ်တတ် အပေါ့စွန့်နိုင်တဲ့ ကိရိယာ ပစ္စည်း

ပို့စ်တင်ချိန် - 5/27/2014 09:42:00 PM


ကဲ...ဒီတစ်ခါတော့ shewee လို့ခေါ်တဲ့ အမျိုးသမီး မတ်တတ်ကြီး ဆီးသွားနိုင်တဲ့ အကူပစ္စည်း တစ်ခုအကြောင်း ဖောက်သည်ချ လိုပါ၏။
ဒီပစ္စည်းဟာ အမျိုးသမီးတွေ အပေါ့သွားလိုတဲ့အချိန်မှာ အသုံးပြုရတာဖြစ်ပါတယ်။ (ဟုတ်တာပေါ့ :D )
များသောအားဖြင့် အမျိုးသမီးတွေ အပေါ့သွားရင် ထိုင်ပြီး သွားတာများပါတယ်....
ထင်တာပြောကြည့်တာပါ။ :)
ဒီပစ္စည်းကတော့ မတ်တတ်ရပ်လျက် အသုံးပြုလို့ရပါတယ်။သယ်ရ ပြုရ လည်း လည်း လွယ်ကူပါတယ်။ တစ်ခါတစ်လေကျရင် အများသုံးအိမ်သာ (ဥပမာ- ဈေးအိမ်သာ) တစ်ချို့တွေဟာ ၀င်လိုက်ရင် အလွန်ညစ်ပတ် နေတာကို တွေ့နိုင်ပါတယ်။
တစ်ချို့တွေဆို အိမ်သာခွက်ထဲမှာ ရေတွေ ၊ မစင်တွေ ပြည့်ပြီး လျှံနေတတ်ပါတယ်။
အဲဒီအချိန်ကျရင် ထိုင်လျက်နဲ့ အပေါ့သွားဖို့ အင်မတန် ၀န်လေးဖို့ကောင်းပါတယ်။
ဒါပေမယ့် ဒီပစ္စည်းက မတ်တတ်ကြီး အပေါ့စွန့်ဖို့ အလွန်အသုံးဝင်ပါတယ်။
အပင်တွေကြားထဲမှာ တောထိုင်...အဲ....တောမတ်တတ် (only အပေါ့) သွားဖို့ အဆင်ပြေပါတယ်။
အကောင်ပလောင်တွေ (ကျွတ်၊မြွေ၊စသည်....) ရန်ရှာခြင်းမှ နည်းနည်းကာကွယ်နိုင်တာပေါ့နော် :D