ပုဒ်မ ၄၃၆ဟာ ၁ဝဝ%အထက်ကျော်မှ ပြင်ရမယ်လို့ဆိုတာကြောင့် ပြင်ရမယ်လို့ ၈၈မျိုးဆက်ပြော (ရုပ်သံ)

ပို့စ်တင်ချိန် - 5/27/2014 07:43:00 AM


ဖွဲ့စည်းပုံပြင်ဖို့ ပြဌာန်းပေးထားတဲ့ ပုဒ်မ ၄၃၆ဟာ လွှတ်တော်အမတ် ၇၅%နှင့်အထက်လို့ ဆိုထားတာဟာ ရွေးကောက်ခံအမတ် ၇၅%ပဲရှိတာကြောင့် ၁ဝဝ ရာခိုင်နှုန်းကျော်မှ ပြင်ရမယ်လို့ ပြောနေတာဖြစ်ပြီး တစ်နိုင်ငံလုံးက ပြင်ချင်ရင်တောင် ပြင်လို့မရတဲ့ပုဒ်မဖြစ်တယ်လို့ ဦးကိုကိုကြီးက ပြောလိုက်ပါပြီ။

အခုလို ပုဒ်မ ၄၃၆ကို ပြင်ဆင်ဖို့ NLD နဲ့ ၈၈မျိုးဆက်တွေ ကြိုးစားနေတာဟာ နိုင်ငံတော်၊ နိုင်ငံသားနဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုသူတွေ ပါဝင်ကြရမှာဖြစ်ပြီး ဒီအဖွဲ့ ၂နှစ်ထဲက လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ဟင်္သာတမြို့မှာ မေလ ၂၅ရက်နေ့က ပြောဆိုခဲ့ပါတယ်။

သမ္မတကိုယ်တိုင်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတာကြောင့် ပြည်သူ့ဝန်ထမ်းတွေအားလုံး အတွေးအခေါ်ဟောင်းတွေနဲ့ ဆက်ပြီးလုပ်ဆောင်နေမယ်ဆိုရင် သမ္မတအမိန့်ကို ဖီဆန်နေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။ နိုင်ငံရေးဟာ ပင်နီဝတ်သူတွေနဲ့အလုပ်ပဲလို့ ယူဆနေရင် ပြည်သူနဲ့နိုင်ငံရေး ဝေးသွားမယ်လို့ သတိပေးခဲ့ပါတယ်။

ပုဒ်မ ၄၃၆ဟာ ဘာ့ကြောင့် မတရားတဲ့ပုဒ်မလဲဆိုတာ ဖိနှိပ်ချုပ်ချယ်မှုနဲ့ အခွင့်ထူးခံမှု ၂ခုကို ပြင်ဆင်ဖို့ဖြစ်တယ်၊ ၄၃၆ကို ပြင်နိုင်မှ တရားမှုတွေကို ပြင်ဆင်နိုင်မယ်လို့ ဦးမင်းကိုနိုင်က ဆိုပါတယ်။

ဟင်္သာတမြို့ ဟုန်စံစီ တရုတ်ဘုံကျောင်းမှာ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦး၊ ဒေါက်တာမျိုးညွန့်တို့လည်း တက်ရောက်ခဲ့ပြီး ထောက်ခံသူ တစ်ထောင်ကျော် တက်ရောက်နားထောင်ခဲ့ပါတယ်။

Kamayut Media