မြွေမြွေချင်း ခြေမြင်လို့ သူ့အဖေက ဂစ်ကို မင်္ဂလာဆောင် မဖိတ်တာလား

ပို့စ်တင်ချိန် - 5/27/2014 06:35:00 AM




မန်ယူ လက်ထောက်နည်းပြ ဂစ်ရဲ့ ဖခင်ဖြစ်သူ ဒန်နီဝီလ်ဆင်ဟာ မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ်ပြီး အဲဒီမင်္ဂလာဆောင်မှာ ဂစ်ကို မဖိတ်ဘူးလို့ ဆိုပါတယ်။ မဖိတ်ရတဲ့ အကြောင်းရင်းက ဂစ်နဲ့ နာတာရှာတို့ရဲ့ လူမှုရေးဖောက်ပြန်မှု ဇာတ်လမ်းကြောင့်ပါပဲ။ မန်ယူ သက်တော်ရှည် ကစားသမား ဂစ်ဟာ ညီဖြစ်သူ ရိုဒရီရဲ့ ဇနီး နာတာရှာနဲ့ ဖောက်ပြန်ခဲ့ပြီး သူတို့ရဲ့ ဇာတ်လမ်းက (၈)နှစ်ကြာမြင့်ခဲ့ပါတယ်တဲ့။ ဂစ်ဟာ ဇနီးသည် မီးဖွားနေချိန်မှာ နာတာရှာနဲ့ ဖောက်ပြန်ခဲ့တာပါ။

ဒီအကြောင်းဟာ ပြီးခဲ့တဲ့(၃)နှစ်လောက်က တော်တော်ရေပန်းစားတဲ့
ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့ပြီး ဒန်နီဝီလ်ဆင်ရဲ့ မင်္ဂလာဆောင်နဲ့အတူ တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့တာပါ။ ဂစ်အနေနဲ့ သူ့အမှားသူ နောင်တရပြီး ညီဖြစ်သူ ရိုဒရီကို မတောင်းပန်ဘူးဆိုရင် သူ့ရဲ့ မင်္ဂလာဆောင်မှာ တက်ရောက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဒန်နီဝီလ်ဆင်က ပြောပါတယ်။ တစ်ချို့တွေကတော့ ဒန်နီဝီလ်ဆင်က မြွေမြွေချင်း ခြေမြင်တာပါတဲ့။

@z (ရိုးရာလေး)