APKWS ဒုံးပျံများအတွက် အမေရိကန်ရေတပ်၏ Digital Rocket Launcher

ပို့စ်တင်ချိန် - 5/16/2014 02:17:00 AM


အမေရိကန်ရေတပ်အနေဖြင့် MH-60S ရဟတ်ယာဉ်များတွင် အသုံးပြုသော APKWS လမ်းညွှန်ပဲ့ထိန်းဒုံးများကို ပစ်လွှတ်နိုင်မည့် ပစ်လွှတ်စင် တစ်ခုကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း မေလ၏ အစောပိုင်းရက်များက ထုတ်ပြန်ပြောဆိုခဲ့ပါသည်။ အဆိုပါ ပစ်စင်အား LAU-61 DRL (Digital Rocket Launcher) ဟုခေါ်ပြီး 70 mm APKWS လေဆာလမ်းညွှန်ပဲ့ထိန်းဒုံးပျံ ၁၉ လုံးအပါအ၀င် စုစုပေါင်း အလေးချိန်အားဖြင့် ၂၂၀ ကီလိုဂရမ် (၄၈၄ ပေါင်) အလေးချိန်ရှိပါသည်။

APKWS ဒုံးပျံအနေဖြင့် Laser Seeker အပါအ၀င် ၁၃.၆ ကီလိုဂရမ်( ၃၀ ပေါင်)၊ ထိပ်ဖူး အလေးချိန် ၂.၇ ကီလိုဂရမ် (၆ ပေါင်) နှင့် အကွာအဝေး ၆ ကီလိုမီတာအထိ ရောက်ရှိပါသည်။ LAU-61 ပစ်စင်အနေဖြင့် အခြားသော သာမန် ၇၀ မမ ဒုံးပျံများ သယ်ဆောင်နိုင်စွမ်းရှိသည်ဟု သိရသော်လည်း အထူးသဖြင့် APKWS ဒုံးပျံများအတွက်သာ ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။

MH-60S ရဟတ်ယာဉ်အနေဖြင့် ၂၀၀၂ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အမေရိကန်ရေတပ်၌ အစင်းရေ ၂၀၀ ကျော် အသုံးပြုလျက်ရှိကာ ၄င်းရဟတ်ယာဉ်များသည် ၁၁ တန် အလေးချိန်ရှိသော CH-46D ရဟတ်ယာဉ်များနေရာတွင် အစားထိုးရန် ဒီဇိုင်းထုတ်လုပ်ထားခြင်း လည်း ဖြစ်ပါသည်။ ၁၀ တန်အလေးချိန်သာ ရှိသော MH-60S သည် စွမ်းဆောင်နိုင်မှု၊ တာဝေးသွားလာနိုင်မှု၊ မြန်ဆန်မှုနှင့် ယုံကြည်စိတ်ချရမှုအပိုင်းများတွင် ယခင် CH-46D ထက် ပိုမိုကောင်းမွန်သော်လည်း ၄င်းတို့သည် သေးငယ်သဖြင့် ဖျက်သင်္ဘောများနှင့် ဖရီးဂိတ်စစ်သင်္ဘော များတွင်သာ အသုံးပြုနိုင်ပါသည်။

အမေရိကန်မရိန်းတပ်ဖွဲ့များအနေဖြင့် APKWS II စနစ် များကို ၂၀၁၀ ခုနှစ်ကတည်းကပင် ရဟတ်ယာဉ်များတွင် ရှိသော ဒုံးပျံစနစ်များ၌ စတင်ပြောင်းလဲ၍ အသုံးပြုခဲ့ကြပါသည်။ မရိန်းတပ်ဖွဲ့ ၀င်များအနေဖြင့် APKWS II စနစ်ကို ၄င်းတို့အတွက် ၀ယ်ယူအသုံးပြုပေးခဲ့ခြင်းနှင့် ပတ်သက်၍ ၄င်းတို့၏ 70mm သာမန်ဒုံးပျံပေါင်း အလုံး ၁ သိန်းကျော်ကို လမ်းညွှန်ပဲ့ထိန်းဒုံးပျံ အဖြစ် ပြောင်းလဲပေးခဲ့နိုင်ခြင်းကြောင့် ကျေနပ်အားရလျက်ရှိသည်ဟု သိရပါသည်။ Hellfire ဒုံးပျံများသည် ပစ်မှတ်ကို ထိမှန်အောင် တိုက်ခိုက်ရာ၌ လိုအပ်ချက်အချို့ရှိနေသော်လည်း APKWS အနေဖြင့် ပစ်မှတ်ကို ထိမှန်အောင် တိုက်ခိုက်ရာတွင် ရည်မှန်းချက်နှင့် ပေအနည်းငယ်သာ လွဲချော်ခြင်းကြောင့် Hellfire ထက် ပိုမိုတိကျမှုရှိသည်ဟု ဆိုရမည်ပင် ဖြစ်ပါသည်။

၇၀ မမ ဒုံးပျံအမျိုးအစားများသည် UAV များအတွက် အကောင်းဆုံးလက်နက်တစ်ခုလည်း ဖြစ်ပါသည်။ MH-60 ရဟတ်ယာဉ်များကို Hellfire ဒုံးပျံများ ပစ်ခတ်နိုင်ရန် အဆင့်မြင့်တင်ထား သော်လည်း ၄င်းတို့ကို သယ်ဆောင်ပစ်ခတ်ပါက ၁၆ စင်းသာ သယ်ဆောင်နိုင်သော်လည်း APKWS အနေဖြင့် ၃၈ စင်းသယ်ဆောင်နိုင်စွမ်း ရှိကြောင်း သိရှိရပါသည်။

Ref:SP
WorldWide(BMSTU)
TechSpace Journal